ဈေးကွက်ဈေးနှုန်း

မကွေးတိုင်းဒေသကြီး၊မကွေးကုန်စည်ဒိုင်မှယခင်တစ်ပတ်နှင့်(၁-၇-၂၀၂၀)ရက်နေ့ ကာလတူစျေးနှုန်းနှိုင်းယှဉ်ချက်

Last Updated:

မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်

 

 

နှမ်း

          ယခင်(၂၄--၂၀၂၀)ရက်နေ့ စျေးနှုန်းနှင့်နှိုင်းယှဉ်ပါကနှမ်းနက်(စမုံ)သစ်ရေဆင်း(၁၀၀၀၀/-) နှမ်းဂွနက်/ရိုးရိုး (၁၀၀၀၀/-) ၊ နှမ်းဖြူ မကွေး (၁၄၀၀၀/-)(၁၅၀၀၀/-) ၊ နှမ်းဖြူရေသွင်း (၈၀၀၀/-)  (၅၀၀၀/-)၊နှမ်းနီ(၆၀၀၀/-)၊ နှမ်းညိုကြား (၈၀၀၀/-)ကျပ်စျေးကျကာ အရောင်းအဝယ် ဖြစ်လျှက် ရှိပါသည်။ မကွေးမြို့ ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ် ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက် (၃၅၀ မှ ၅၅၀) ဝန်းကျင် အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။

 

ပဲမျိုးစုံ

          ပဲမျိုးစုံမှာ  ယခင် ( ၂၄--၂၀၂၀) ရက် နေ့စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက   ကုလားပဲသေး (၅၀၀/-)၊  ပဲစဉ်းငုံ  (သစ်) (၈၀၀/-)၊   ကျပ်စျေးတက်ပြီး ပဲတီစိမ်း     (၂၀၀၀/-)၊      ကုလားပဲ(929)  (၃၀၀/-)၊       ကုလားပဲ(HL)  (၅၀၀/-)၊ ပဲထောပတ် (၇၀၀/-) မတ်ပဲ  (၅၀၀/)    စျေးကျကာ ကျန်ပဲမျိုးစုံ စျေးများ  အပြောင်းအလဲ    မရှိဘဲ အရောင်း အဝယ် ဖြစ်လျက် ရှိပါ သည်။

 

မြေပဲဆံ

          မြေပဲဆံအနေဖြင့််ယခင်( ၂၄--၂၀၂၀ )ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက   မြေပဲလုံးဆံဖြူ(လိုင်း)၊မြေပဲ လုံးဆံဖြူ (လုပ်ငန်းသုံး)၊  မြေပဲ လုံးဆံနီ (လိုင်း)မြေပဲလုံးဆံနီ (လုပ်ငန်းသုံး) ၊မြေပဲတောင့် မျိုးပဲနီတို့ စျေးအပြောင်း အလဲ မရှိဘဲ အရောင်း အဝယ် ဖြစ်လျက် ရှိပါသည်။

 

ဆီ

          ဆီအနေဖြင့််မကွေးကုန်စည်ဒိုင်စျေးအရ(၂၄..၂၀၂၀)ရက်နေ့နှင့်နှိုင်းယှဉ်ပါက စားအုန်းဆီ (၁၀/-)စျေးတက်ပြီး  နှမ်းဆီ ၊မြေပဲဆီ စျေးများ အပြောင်းအလဲ မရှိဘဲ အရောင်းအဝယ် ဖြစ်လျှက်ရှိပါ သည်။

 

ဆန်

          ဆန်စျေးအနေဖြင့််မကွေးကုန်စည်ဒိုင်စျေးအရ( ၂၄..၂၀၂၀ )ရက်နေ့ နှင့်နှိုင်းယှဉ်ပါက ဧရာပဒေသာခပ်ချက်(ကုန်းဇောင်း) ၊ ပေါ်ဆန်းမွေး(ဖျာပုံ)၊ ပေါ်ဆန်းမွေး(ရွေဘို) ဆန်စျေးများ အပြောင်းအလဲ မရှိဘဲ အရောင်းအဝယ် ဖြစ်လျှက်ရှိပါ သည်။